We have translated information about the Essential Services Commission in Burmese.
Burmese
အကြောင်းအရာ
ရေမီးလျှပ်စစ်လုပ်ငန်းများကော်မရှင် (Essential Services Commission)သည် ဗစ်တိုးရီးယား၏ လွတ်လပ်သော စီးပွားရေးလုပ်ငန်း ညှိနှိုင်းဆောင်ရွက်ပေးသည့်ဌာန ဖြစ်ပါသည်။ မရှိမဖြစ် လိုအပ်သော ရေမီးလျှပ်စစ်လုပ်ငန်းများ၏ စျေးနှုန်း၊ အရည်အသွေးနှင့် ယုံကြည်စိတ်ချရမှုတို့နှင့် စပ်လျဉ်း၍ ဗစ်တိုးရီးယားရှိ သုံးစွဲသူများအတွက် ရေရှည်အကျိုးကို မြှင့်တင်ပေးပါသည်။
ကျွန်ုပ်တို့သည် ဗစ်တိုးရီးယားရှိ စွမ်းအင်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများကို ထိန်းညှိပြီး ဒေသန္တရအစိုးရကဏ္ဍအတွက် နှုန်းထားသတ်မှတ်သည့်စနစ်အား စီစဉ်ဆောင်ရွက်ပါသည်။
စွမ်းအင်နည်းထုတ်ကုန်နှင့် လုပ်ငန်းများကို စျေးသက်သာစွာ သုံးစွဲနိုင်ခြင်းဖြင့် ဗစ်တိုးရီးယားနေသူများ၏ စွမ်းအင်ကုန်ကျစရိတ်များနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးသည့် ဗစ်တိုးရီးယားစွမ်းအင်အဆင့်မြှင့်အစီအစဉ်ကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
သင်သည် စကားပြန်လိုအပ်ပါက၊ TIS National ၁၃၁ ၄၅၀သို့ ဆက်သွယ်ပြီး ရေမီးလျှပ်စစ်လုပ်ငန်းများကော်မရှင် (Essential Services Commission) ၁၃၀၀ ၆၆၄ ၉၆၉ သို့ ဖုန်းခေါ်ခိုင်းပါ။ ရုံးဖွင့်ချိန်သည် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်သည်။